Everyday News Zone

info@everydaynewszone.com

Local News

မြန်မာနိုင်ငံတွင် အကြီးဆုံး ဇွဲကပင်ကေဘယ်လ်ကားစီမံကိန်း ၅ဝ ရာခိုင်နှုန်း တည်ဆောက်ပြီးစီး

မြန်မာနိုင်ငံတွင် အကြီးဆုံး ဇွဲကပင်ကေဘယ်လ်ကားစီမံကိန်း ၅ဝ ရာခိုင်နှုန်း တည်ဆောက်ပြီးစီး

ဘားအံ ဖေဖော်ဝါရီ ၁၄
ကရင်ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ကရင်ပြည်နယ်မှ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများနှင့် ဇွဲကပင်တောင် ဆရာတော်ကြီးတို့၏ ပူးပေါင်းပါဝင် မှုဖြင့် ဆွစ်ဇာလန်နိုင်ငံ နည်းပညာဖြင့် တည်ဆောက်လျက်ရှိသော မြန်မာနိုင်ငံ တွင်အကြီးဆုံး ဇွဲကပင်ကေဘယ်လ်ကား စီမံကိန်းသည် စတင်ဆောင်ရွက်သည့် အချိန်မှ ယနေ့အချိန်အထိ ၅ဝ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း မြန်မာဇာတိမြေ အများပိုင်ကုမ္ပဏီဥက္ကဋ္ဌ ဦးဗညားဇော်က ပြောသည်။
”ဇွဲကပင်ကေဘယ်လ်ကားစီမံကိန်းကို ၂ဝ၁၇ ခုနှစ် မေလက စပြီးတော့ ဆောင် ရွက်ခဲ့ပါတယ်၊ ယနေ့အချိန်အထိတော့ ဇွဲကပင်တောင်ပေါ်ကို တက်နိုင်ဖို့အတွက် ကေဘယ်လ်ကြိုး သွယ်တန်းနိုင်အောင် တောင်ခြေနဲ့ တောင်ပေါ် အောက်ခြေ အုတ်မြစ်ချတာဟာ လုပ်ငန်းတစ်ခုလုံး အနေနဲ့ ၅ဝ ရာခိုင်နှုန်း ပြီးစီးနေပါပြီ၊ ကေဘယ်လ်ကားစီမံကိန်းကိုတော့ ၂ဝ၁၉ ခုနှစ် မတ်လအတွင်း အပြီးတည် ဆောက်ဖို့အတွက် ခန့်မှန်ထားပါတယ်”ဟု ပြောသည်။
အဆိုပါ ကေဘယ်လ်ကား စီမံကိန်းကို အမေရိကန်ဒေါ်လာ ၁၂ သန်းခွဲ အကုန် ကျခံ၍ တည်ဆောက်သွားမည်ဖြစ်ပြီး ဇွဲကပင်ကေဘယ်လ်ကားစီမံကိန်း အပါ အဝင် ကားပါကင်၊ ဆိုင်ခန်းများ၊ ဟို တယ်များ အပန်းဖြေပန်းခြံစီမံကိန်းများ ကို မြန်မာငွေ ကျပ် ၂ဝ ဘီလီယံ အကုန် ကျခံ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများပြီးစီးသွားပါက ကေဘယ်လ် ကားဖြင့် တောင်ပေါ် တက်ရာတွင် တစ်ဦးကို ၅ဝဝဝ ကျပ် ကောက်ယူရန် လျာထာပြီး တောင်ပေါ်သို့ ပို့ဆောင်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲကပင်တောင်သည် လှေကားထစ် ပေါင်း ၃ဝဝဝ ကျော်ရှိရာ သက်ကြီးရွယ် အိုများ မတက်နိုင်သောကြောင့် တောင် ပေါ်ရှိ မြတ်စွာဘုရား၏ဆံတော်ရှင်ကို လူတိုင်း တက်ရောက်ဖူးမြော်နိုင်ရန် အ တွက်လည်းကောင်း၊ ဇွဲကပင်တောင်မှာ ကရင်ပြည်နယ်နှင့် ကရင်လူမျိုးများ၏ သင်္ကေတသဖွယ်ဖြစ်၍ ကရင်ပြည်နယ် ငြိမ်းချမ်းရေးရရှိရေးနှင့် ဒေသဖွံ့ဖြိုးတိုး တက်ရေးအတွက် ရည်ရွယ်ပြီး ဇွဲကပင် ကေဘယ်လ်ကားစီမံကိန်းကို ဆောင်ရွက် ခြင်းဖြစ်ကြောင်း ကုမ္ပဏီဥက္ကဋ္ဌက ပြော သည်။
အဆိုပါစီမံကိန်းကို ချစ်လင်းမြိုင် တိုယိုတာကုမ္ပဏီက ဒေါ်လာ ၁၂ သန်း ကျော် ရင်းနှီးမြှုပ်နှံပြီး မြန်မာ့ဇာတိမြေ အများနှင့်သက်ဆိုင်သော ကုမ္ပဏီက တာဝန်ယူတည်ဆောက်နေခြင်းဖြစ်ကာ ချစ်လင်းမြိုင်ကုမ္ပဏီက အကျိုးအမြတ် ၇၅ ရာခိုင်နှုန်းဖြင့် နှစ် ၅ဝ လုပ်ပိုင်ခွင့် ရရှိ ထားပြီး ကျန် ၂၅ရာခိုင်နှုန်းကို ဇွဲကပင် မြေ ဖွံ့ဖြိုးရေးဆောင်ရွက်ရန်အတွက် ရရှိမည်ဖြစ်ကြောင်း၊ ကေဘယ်လ်ကား စီမံကိန်းကို က္ဘာ့ပထမဆုံး လူစီးဓာတ် လှေကား ထုတ်လုပ်သည့် ဆွစ်ဇာလန် နိုင်ငံ GARAVAVTA ကုမ္ပဏီမှ အင်ဂျင်နီယာများနှင့် မြန်မာ့ဇာတိမြေ အများပိုင်ကုမ္ပဏီမှ မြန်မာအင်ဂျင် နီယာများက ပူပေါင်းဆောင်ရွက်နေ ကြောင်း၊ စီမံကိန်းပြီးစီးပါက အမြင့် ၇ဝဝ မီတာကျော်ရှိသည့် ဇွဲကပင်တောင်ပေါ် သို့ အရှည် ၁၅ဝဝ မီတာကျော် လမ်းခရီး ဖြင့် ၅၁ ယောက်စီး ကေဘယ်လ်ကားဖြင့် ၄ မိနစ်အတွင်း တက်ရောက်နိုင်မည်ဖြစ်၍ တစ်ရက်လျှင် လူဦးရေ ၇ဝဝဝ ကျော်ခန့် ကို ဘုရားဖူးပို့ဆောင်သွားနိုင်မည်ဖြစ် ကြောင်း သိရသည်။
ဇွဲကပင်ဆံတော်ရှင်တောင်တက် မိုး ပျံကေဘယ်လ်ကားစီမံကိန်း ဆောင်ရွက် ပြီးစီးသွားပါက ကားတစ်စီးလျှင် ၅၁ ဦး တင်ဆောင်၍ ပို့ဆောင်ပေးသွားမည် ဖြစ်ကာ အတက်အဆင်းအတွက် ကေ ဘယ်လ်ကားနှစ်စင်းကို အသုံးပြုသွားမည် ဖြစ်ကြောင်း၊ လိုက်ပါစီးနင်းသူများ အ္တရာယ်မဖြစ်ရေးနှင့် လျှပ်စစ်မီး မပြတ် တောက်စေရေးအတွက်လည်း ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်ထားကြောင်း ကုမ္ပဏီဥက္ကဋ္ဌက ဆက်ပြောသည်။
ကရင်ပြည်နယ်၏ အထင်ကရဖြစ် သည့် ဇွဲကပင်ဆံတော်ရှင် ဘုရားပွဲတော် ကို နှစ်စဉ် တပေါင်းလဆန်း ၁၃ ရက်မှ လပြည့်ကျော် ၂ ရက်အထိ ငါးရက်တိုင် တိုင် နှစ်စဉ်ကျင်းပလျက်ရှိရာ ယင်း ပွဲတော်ကာလတွင် ဆံတော်ရှင်ဇွဲကပင် တောင်ပေါ်သို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ ခြေကျင်တက် ရောက်၍ ဘုရားဖူးကြရာ တောင်ပေါ်နှင့် တောင်ခြေတွင် အထူးစည်ကားကြောင်း သိရသည်။

မင်းရာဇာ(မြစ်ကြီးနား)

LEAVE A RESPONSE

Your email address will not be published. Required fields are marked *

error: